FACEBOOK LIKE BOX FOR BLOGGER

Facebook Like Box For Blogger

ဒါက​တော့မိမိကိုယ်ပိုင် Facebook Page ရှိတဲ့သူ​တွေအတွက်ဆိုရင်မမှားပါဘူး။ကိုယ်ပိုင် Facebook Page မရှိတဲ့သူဆိုရင် Facebook Page အရင်ဖွင့်ပါ။ဟုတ်ပြီဒီ Widget ကိုဘယ်မှာသုံးရမှာလဲဘယ်မှာထားရမှာလဲ။ဒါက​တော့မိမိရဲ့ blog site ကိုဝင်​ရောက်ကြည့်ရှုတဲ့သူ​တွေ Facebook Page သို့သွားစရာမလိုပဲဒီမှာတခါတည်း Like လုပ်သွားလို့ရ​အောင်ပြုလုပ်ထားတဲ့ Like Box ​လေးပါ။ Facebook Page ရှိတဲ့သူဆိုရင်​တော့အရင်ဆုံးဒါ​လေးအရင်ပြုလုပ်​ပေးပါ။Facebook Developer Site နဲ့ Link ချိတ်​ပေးထားပါတယ်။အဲဒီ Site မှာအရင်ဆုံး Facebook Like Box အရင်ပြုလုပ်​​​ပေးပါ။ပြုလုပ်ပုံကလဲမခက်ပါဘူး Facebook Developer Site မှာပြုလုပ်​ပေးရမဲ့နည်းလမ်းကို​အောက်မှာပုံနှင့်တကွရှင်းပြထားပါတယ်။


NO(1)။​အောက်က Link ကိုနှိပ်ပါ


NO(2)။အ​ပေါ်က Link ကိုနှိပ်ပြီးသွားရင်အရင်ဆုံးမြင်ရမှာကဒီအဆင့်ပါ။ဒီအဆင့်မှာက​ထွေ​ထွေထူးထူးဘာမှလုပ်စရာသိပ်မရှိပါဘူး။မိမိရဲ့ Facebook Page ID (or) Facebook  Page name ထည့်​ပေးလိုက်ပါ။မိမိထည့်​ပေးလိုက်တဲ့ ID (or) name ​နောက်က  /    ထည့်​ပေးပါ။အဲ​နောက်မှာအဲဒါ​လေးမပါခဲ့ပါက error ပြ​နေမှာပါ။



NO(3)။Get Code ကိုနှိပ်ပါ။ခဏ​စောင့်​ပေးလိုက်ပါမိမိFacebook Page ကိုရှာ​နေတာဖြစ်ပါတယ်။

NO(4)။IFrame Code နဲ့ယူချင်ရင် Iframe ကိုနှိပ် (or)JavaScript SDK  Code နဲ့ယူချင်ရင် JavaScript SDK ကိုနှိပ်။မိမိကြိုက်နှစ်သက်တဲ့ Code ကို copy ယူ၍အဆင်​ပြေမဲ့​နေရာမှာခဏမှတ်သားထားပါ။Facebook Like Box Code ရလာပြီဆို​တော့မိမိထည့်သွင်းအသုံးပြုမဲ့ Blog Site သို့ပြန်သွားပါ။



မိမိထည့်သွင်းအသုံးပြုရမဲ့ Blog Site မှာ​အောက်ကအဆင့်အတိုင်းပြုလုပ်၍ထည့်သွင်းအသုံးပြုနိုင်ပါသည်

NO(1)။မိမိ blog site ကို account အရင်ဝင်ပါ

NO(2)။ dashboard ထဲက Layout ကိုနှိပ်ပါ

NO(3)။ Add a Gadget ကိုနှိပ်ပါ

NO(4)။ HTML/JavaScript ကိုနှိပ်

NO(5)။​ပေါ်လာတဲ့ box အကွက်ကြီးထဲမှာခုနကရလာတဲ့ facebook like box code ​တွေထည့်​ပေးပါ။

NO(6)။ width ​တွေ height ​တွေကိုမိမိ blog site အ​နေအထားနဲ့လိုသလိုချိန်ညှိနိုင်ပါတယ်။

NO(7)။ save ကိုနှိပ်ပြီးပါပြီ။


<-------      ။       --------->

ဒါက​တော့ကျွန်​တော်ရဲ့ Facebook Page Like Box  Code ပါ။မိတ်​ဆွေတို့အ​နေနဲ့​အ​ပေါ်ကအဆင့်​တွေအတိုင်း Facebook Developer Site မှာကိုယ်တိုင်သွား​ရောက်ပြုလုပ်လို့လဲရပါတယ်။အခုကျွန်​တော်ပြုလုပ်ထားတဲ့ Code ပဲသုံးမယ်ဆိုလဲရပါတယ်။



မိတ်​ဆွေတို့အ​နေနဲ့ကျွန်​တော်​ပြုလုပ်ထားပြီးသား Code ပဲသုံးမယ်ဆိုရင်​တော့​အောက်ကပြထားတဲ့​နေရာမှာ​ပြောင်း​ပေးရုံပါပဲ

 *** ---->  108140433933376  <---- ***

အဲဒီဂဏန်း (15 ) လုံးရဲ့​နေရာမှာမိမိရဲ့ Page ID (or) Page name ​​ပြောင်းထည့်​ပေးပါ


0
0
Loading...

댓글 쓰기

Loading ratings…
whatsapp